|
"ရှေးဟောင်းနှောင်းဖြစ်"
|
| Raionmin |
Posted on 18-11-2009 11:12
|

Admin

Posts: 150
Joined: 16.03.09
|
၂၀၀၄ ကတော့အကောင်းဆုံးပဲ။ စစချင်းပွဲဦးထွက် မြင်ဖူးတဲ့ပွဲမို့လို့လားတော့မသိဘူး။ အဲဒီတုန်းက တစ်ခွန်းပြောလိုက်တိုင်းတစ်ခါရယ်ရပါတယ်။ နောက်ပိုင်းပြဇာတ်တွေကတော့ ပြက်လုံးထက် overall ဇာတ်လမ်းသဘောကိုပိုအလေးပေးထားသလိုပဲ။
    |
| |
|
|
| padaukmoe |
Posted on 18-11-2009 11:17
|
Newbie

Posts: 4
Joined: 02.04.09
|
`အဲ ၃နှစ်ဆိုတောရောပေါ့ ဘယ်နှယ့် forever နေခိုင်းတာလဲ.... |
| |
|
|
| yaytamar |
Posted on 18-11-2009 11:23
|
Junior Member

Posts: 22
Joined: 31.03.09
|
ရေးလက်စနဲ့ မထူးပါဘူးဗျာ . . နောက်တခုထပ်ဖွ လိုက်ဦးမယ် . . ကျနော်( သရဲမ )ကို ပေါင်မုန့်က သနပ်ခါး သွေးခိုင်းတဲ့ နေရာမှာ တိုက်ထားတုန်းက ပေါင်မုန့်က "ရွှေဘိုသနပ်ခါး" သီချင်းကို ပထမ အပိုဒ်ပြီးအောင်ဆို အဲဒီမှာ ကျော်ဇင်က လိုက်က . . အဆင့်ကိုပြေလို့ . . တကယ်လည်း ကရော ကျေးဇူးရှင်ပေါင်မုန့်က " ရွှေဘို သနပ်ခါးတုံးများ " ဆိုပြီး အဲဒီနေရာမှာ ဘရိတ်အုပ် လိုက်ရော . . ဒါပေမယ့် ဘရိတ်အုပ်လို့ မရတာက ကျနော့ကောင် ကျော်ဇင်ခင်ဗျ . . ဟတ်ကော့ကြီးနဲ့ " အို . . ဒီဂါထာ အရမ်းကောင်းတာပဲ " လို့ တဖွဖွ ရွတ်ပြီး ကွေးနေအောင်ကို ကတော့တာ . . မထူးဇာတ်ခင်းတာ နေမှာပေါ့ . . ကျနော်သာ မဝင်လိုက်ရင် ဒီကောင် ဘယ်အထိ ဆက်ကနေမလဲ မသိဘူး . . အဲလို ကောင်ခင်ဗျ . . . |
| |
|
|
| Raionmin |
Posted on 18-11-2009 11:25
|

Admin

Posts: 150
Joined: 16.03.09
|
မှတ်မှတ်ရရပါ၊ အဲဒီတုန်းကဘယ်လောက် နာမည်ကြီးသွားလဲဆိုရင် 2004 Dec မှာရန်ကုန်ပြန်တာတောင် လေဆိပ်မှာ ကျနော့ရှေ့ကလူဆိုကိုအသားကုန်ဖြဲတဲ့ လေဆိပ်ကလူက တီပီ ကဆိုပြီး ကျနော့ကို ဘာမှလဲမစစ် အိတ်ဆွဲပြီးအပြင်တောင်လိုက်ပို့လိုက်သေးတယ်။ ဘေးကဝန်ထမ်းကတောင်မစစ်ဘူးလားလို့မေးတော့ ငါ့နာမည် နောက်နှစ်သံချပ် နဲ့ပြဇာတ်မှာ ပါလာမှာဆိုးလို့တဲ့။
    |
| |
|
|
| myuwai |
Posted on 18-11-2009 13:10
|

Member

Posts: 69
Joined: 21.01.09
|
yaytamar wrote:
ရေးလက်စနဲ့ မထူးပါဘူးဗျာ . . နောက်တခုထပ်ဖွ လိုက်ဦးမယ် . . ကျနော်( သရဲမ )ကို ပေါင်မုန့်က သနပ်ခါး သွေးခိုင်းတဲ့ နေရာမှာ တိုက်ထားတုန်းက ပေါင်မုန့်က "ရွှေဘိုသနပ်ခါး" သီချင်းကို ပထမ အပိုဒ်ပြီးအောင်ဆို အဲဒီမှာ ကျော်ဇင်က လိုက်က . . အဆင့်ကိုပြေလို့ . . တကယ်လည်း ကရော ကျေးဇူးရှင်ပေါင်မုန့်က " ရွှေဘို သနပ်ခါးတုံးများ " ဆိုပြီး အဲဒီနေရာမှာ ဘရိတ်အုပ် လိုက်ရော . . ဒါပေမယ့် ဘရိတ်အုပ်လို့ မရတာက ကျနော့ကောင် ကျော်ဇင်ခင်ဗျ . . ဟတ်ကော့ကြီးနဲ့ " အို . . ဒီဂါထာ အရမ်းကောင်းတာပဲ " လို့ တဖွဖွ ရွတ်ပြီး ကွေးနေအောင်ကို ကတော့တာ . . မထူးဇာတ်ခင်းတာ နေမှာပေါ့ . . ကျနော်သာ မဝင်လိုက်ရင် ဒီကောင် ဘယ်အထိ ဆက်ကနေမလဲ မသိဘူး . . အဲလို ကောင်ခင်ဗျ . . . 
ထင်တော့ထင်တယ် သီချင်းမေ့သွားတာ ဖြစ်ရမယ်လို့
ပလို့ဂျိ! |
| |
|
|
| itza23 |
Posted on 19-11-2009 02:08
|
Admin

Posts: 54
Joined: 16.03.09
|
သံချပ်ပိုင်း… ဒီဟာကတော့ ကွမ်းသီး အပိုင်ပေါ့ (ကြည့်လေ… သူ့လိုမျိုး မယ်သီလရှင် အသံနဲ့ ဘယ်သူမှ မဆိုတတ်ဘူး ) ဒိုးပတ်လဲ သူပဲတီးတာကိုး… ဒိုးဆရာကြီးပေါ့…( ဒိုးပတ်နဲ့ ဗြောနဲ့ မခွဲတတ်လို့ မှားပြီး ပတ်စာကပ် ကြိုးတင်းလေး လုပ်မိတာကလွဲရင် သူကလဲ ဒိုးဆရာတဆူပါပဲ… ) ဒီဟာမှာတော့..သူပဲအဓိက ရေးတာပါ… ပါဝင်ကူညီသူတွေကတော့ အများကြီးပေါ… အဓိကပါဝင်ကူညီသူကတော့ Graduate ဖြစ်သွားတဲ့ ကိုသန်းနိုင်စိုးပါ သူနဲ့ ကွမ်းသီးတို့ idea ထုတ်ပြီး ကျနော် သားကြီး တွတ်ပီ ရဲသူလွင် နဲ့တချို့ သူငယ်ချင်းတွေက ဝင်ပြီးတော့ အကြံပေးကြတယ်… ကွမ်းသီးဆိုတဲ့ကောင်ကလဲ နောက်ကတော်တော်ကို မီးထိုးပေးရတဲ့ ကောင်မျိုး… (ငါ့ကို ပြောထားတဲ့ကောင် ) တခါတလေများ mood မဝင်ဘူးဆိုလို့ mood ဝင်အောင် အာရွှင်အောင် beer ကတိုက်ရသေးတယ်.. beer နဲနဲသောက်လိုက်ရင်တော့ ထွက်လာပါပြီ.. ဘာတွေမှန်းမသိ.. ရေးပြီသာမှတ်… အဲ…beer များများ သောက်မိလို့ကတော့ ဘာမှမရေးတော့ပဲ ပုဆိုးကွင်းသိုင်းပြီး ပတ်ပြေးပြီသာမှတ်.. ဘဲဥတံဆိပ် အသားကပ် အောက်ခံဘောင်းဘီပါမြင်နေရမယ် .. ( ကွမ်းသီးရေ ဒါတောင် လျှော့ပြောထားတာနော ) အားလုံး ရေးပြီးသွားလို့ သံချပ်တိုက်တဲ့ အချိန်ကတော့ ပျော်စရာကြီးဗျာ… လူတွေအုံးအုံးကြွက်ကြွက်နဲ့ အရင်ဆုံးတော့ ဘယ်သူဘယ်အပိုဒ်နဲ့ လိုက်လဲဆိုတာ အရင်ရွေးရသေးတယ်ဗျ…. တယောက်လာ..ဆိုကြည့်… ရရင်သူဆို မကြိုက်ရင်နောက်တယောက်လာ… ဒီနေရာက အနိမ့်အမြင့်ဆိုရမှာ… အမြင့်သံကြီးပဲဆိုရမှာ… စသည်ဖြင့်ပေါ့လေ…သံချပ်ကို ဒီတိုင်းကြီးမဆိုပဲ အသံ အနိမ့်အမြင့်လေးတွေနဲ့ ဆိုလေ့ရှိတာကိုး လူအရင်ရွေးရတာပေါ့…. ပြီးတော့မှ စတိုက်ကြရတာ မိန်းကလေးတွေပါ ပါမယ်ဆိုတဲ့အစီစဉ်ကလဲ ဒီနှစ်မှစတာ ကျနော့အထင်မမှားရင် ဂျူးဂျူး က စပြီး အကြံပေးသွားတာဗျ… ဒါနဲ့ မိန်းကလေးတွေ လုပ်ကြမလားမေးပြီး တကယ်တမ်းအားပေးပြီး လုပ်သွားတာကြတော့ မီးငယ် ရွှေအိ နှင်းနှင်း မရွှေစင်တို့ပေါ့ သူတို့တွေပဲ အဓိကလူစုပေးသွားတာလေ… လူညီလွန်းလို့ပေါ့ ပထမဆုံး မိန်းကလေးတွေပါမဲ့ သံချပ်ပေါ့ဗျာ… အမိုက်စားနော် ဒီဟာကိုတိုက်ရင်ပဲ လူပေါင်းများစွာနဲ့ ပျော်စရာကြီး အမှတ်တရလေးပြောရရင် တရက်သံချပ် တိုက်တော့ ပထမဆုံးအပိုဒ်ကို ဆိုရမဲ့ ကိုကျော်စိုးကမလာဘူး… သူ့နေရာမှာ ကွမ်းသီးက ကျနော့ကို ခဏအော်ပေးတဲ့ ok ပေါ့ ရတယ်ပေါ့… အဲဒိမှာ ပထမဆုံးအပိုဒ်စာသားက သင်္ကြန် သင်္ကြန် သင်္ကြန်ပွဲဗျိုး… အမှန် အမှန် ပျော်စရာပဲဗျိုး…တဲ့ သင်္ကြန် နဲ့ အမှန် ဆိုတာကို ကာရန်ယူထားတာပေါ့… အဲဒီဟာကို ကျနော်ကထ ဆိုတော့ သင်းကြန် သင်းကြန် သင်းကြန် ပွဲဗျိုး လို့တိုင်လိုက်တော့ အနောက်ကလူတွေက အင်းမှန် အင်းမှန် ပျော်စရာပဲဗျိုး ဆိုပြီး ဖြစ်ကုန်ရောလေ တလွဲကြီးပေါ့ ရီလိုက်ကြရတာလေ သင်္ကြန် ဆိုတာကို သင်းကြန်လို့လဲ အသံထွက်တာပဲလေ… ကျနော် မှားလို့လား… အင်းလေ မှားတယ်ပဲထားပါတော့ အင်းမှန်တွေဖြစ်ကုန်တာကိုး…
နောက်ထပ်အမှတ်တရတခုက အဲဒီမှာ ဆိုတဲ့ဘောလုံးသီချင်း အဲဒီသီချင်းကို ၂၀၀၃ ထဲကစပ်ထားတာဗျ သီချင်းက TP ဘောအသင်း ရှုံးတဲ့အကြောင်းကိုး ဖြစ်ချင်တော့ သီချင်းစပ်ပြီးမှ Interpoly ကန်ရတာလေ အဲဒီနှစ် Interpoly မှာ နောက်ဆုံးပွဲ NYP နဲ့တွေ့တော့ ကွမ်းသီးကလာပြောတယ်… တကယ်လို့ ဒီနေ့ နိုင်သွားရင် ငါစပ်ထားတဲ့ သီချင်းက သုံးလို့မရတော့ဘူးပေါ့တဲ့.. ကျနော် ရယ် လီယိုရယ်ဗျာ ကွမ်းသီးကို ထိုင်ပြီးတော့ကို ဆဲတာ အနိုင်ကန်ရပါမယ်ဆိုမှ သူကသီချင်းကို လာနှမျောနေသေးတယ် တကယ်တမ်းလဲ အဲဒီနေ့ပွဲမှာ TP က ထုံးစံအတိုင်း ရှုံးသွားလေရဲ့ ( TP ကွ ) အဲဒီလိုနဲ့ နောက်ဆုံးသုံးဖြစ်သွားတယ်ပေါ့ ဖြစ်ချင်တော့များနော် ( အဲဒီတုန်းက တီးလုံးအဆုံးမှာ ခြေထောက်ကိုကျော်ပြီး ခုန်လိုက်တာ… အခုတော့ လာမခုန်ခိုင်းနဲ့ဗျိုး … လူက၂ဆ ၃ဆလောက်ပိုကြီးနေပြီ ဝက်ကျကျလိမ့်မယ်.. ) ၂၀၀၄ သံချပ်ကတော့ဗျာ ပရိသတ်လက်ခုပ်သံ အရဆုံးပဲ ( ကျနော်ကြုံဖူးသမျှ ပွဲတိုင်းထက် ) တကယ်အားရစရာကြီးပါဗျာ… သံချပ်မောင်မယ်တွေကလဲ mood အပြည့်နဲ့ ပြုံးလို့ရွှင်လို့ ပျော်လို့မော်လို့ပေါ့. ၂၀၀၄ သင်္ကြန် ရဲ့ first impression ပေါ့ဗျာ စပေါက်ပြီကိုး… နောက်ပိုင်းက ဘာလုပ်လုပ် တင့်တယ်ပြီပေါ့ဗျ… ဇာတ်စကားနဲ့ပြောရရင် ဇာတ်ရဲ့ဝိညဉ်သွင်းတဲ့အချိန်ပေါ့.. အဲဒီအဆင့်အောင်မြင်ရင် နောက်ပိုင်းက လမိုင်းကပ်ပြီသာမှတ်. ကျနော်တို့ TP အောင်မြင်ခဲ့ပါတယ်….
KyawZin...
( mail to itza23@yahoo.com )
( chat to itza23@gmail.com ) |
| |
|
|
| Raionmin |
Posted on 19-11-2009 08:20
|

Admin

Posts: 150
Joined: 16.03.09
|
itza23 wrote:
အဲဒီတုန်းက တီးလုံးအဆုံးမှာ ခြေထောက်ကိုကျော်ပြီး ခုန်လိုက်တာ… အခုတော့ လာမခုန်ခိုင်းနဲ့ဗျိုး … လူက၂ဆ ၃ဆလောက်ပိုကြီးနေပြီ ဝက်ကျကျလိမ့်မယ်..
မှန်ပဗျာ။ ၂၀၀၄နဲ့ယှဉ်ကြည့်လိုက်တော့မြင်သမျှလူတိုင်း အပေါ်မတက်ပဲဘေးတွေကားကုန်တယ်။ Body Size ပြောပါတယ်။
    |
| |
|
|
| yaytamar |
Posted on 19-11-2009 09:58
|
Junior Member

Posts: 22
Joined: 31.03.09
|
itza23 wrote:
သံချပ်ပိုင်း… ဒီဟာကတော့ ကွမ်းသီး အပိုင်ပေါ့ (ကြည့်လေ… သူ့လိုမျိုး မယ်သီလရှင် အသံနဲ့ ဘယ်သူမှ မဆိုတတ်ဘူး ) ဒိုးပတ်လဲ သူပဲတီးတာကိုး… ဒိုးဆရာကြီးပေါ့…( ဒိုးပတ်နဲ့ ဗြောနဲ့ မခွဲတတ်လို့ မှားပြီး ပတ်စာကပ် ကြိုးတင်းလေး လုပ်မိတာကလွဲရင် သူကလဲ ဒိုးဆရာတဆူပါပဲ… ) ဒီဟာမှာတော့..သူပဲအဓိက ရေးတာပါ… ပါဝင်ကူညီသူတွေကတော့ အများကြီးပေါ… အဓိကပါဝင်ကူညီသူကတော့ Graduate ဖြစ်သွားတဲ့ ကိုသန်းနိုင်စိုးပါ သူနဲ့ ကွမ်းသီးတို့ idea ထုတ်ပြီး ကျနော် သားကြီး တွတ်ပီ ရဲသူလွင် နဲ့တချို့ သူငယ်ချင်းတွေက ဝင်ပြီးတော့ အကြံပေးကြတယ်… ကွမ်းသီးဆိုတဲ့ကောင်ကလဲ နောက်ကတော်တော်ကို မီးထိုးပေးရတဲ့ ကောင်မျိုး… (ငါ့ကို ပြောထားတဲ့ကောင် ) တခါတလေများ mood မဝင်ဘူးဆိုလို့ mood ဝင်အောင် အာရွှင်အောင် beer ကတိုက်ရသေးတယ်.. beer နဲနဲသောက်လိုက်ရင်တော့ ထွက်လာပါပြီ.. ဘာတွေမှန်းမသိ.. ရေးပြီသာမှတ်… အဲ…beer များများ သောက်မိလို့ကတော့ ဘာမှမရေးတော့ပဲ ပုဆိုးကွင်းသိုင်းပြီး ပတ်ပြေးပြီသာမှတ်.. ဘဲဥတံဆိပ် အသားကပ် အောက်ခံဘောင်းဘီပါမြင်နေရမယ် .. ( ကွမ်းသီးရေ ဒါတောင် လျှော့ပြောထားတာနော ) အားလုံး ရေးပြီးသွားလို့ သံချပ်တိုက်တဲ့ အချိန်ကတော့ ပျော်စရာကြီးဗျာ… လူတွေအုံးအုံးကြွက်ကြွက်နဲ့ အရင်ဆုံးတော့ ဘယ်သူဘယ်အပိုဒ်နဲ့ လိုက်လဲဆိုတာ အရင်ရွေးရသေးတယ်ဗျ…. တယောက်လာ..ဆိုကြည့်… ရရင်သူဆို မကြိုက်ရင်နောက်တယောက်လာ… ဒီနေရာက အနိမ့်အမြင့်ဆိုရမှာ… အမြင့်သံကြီးပဲဆိုရမှာ… စသည်ဖြင့်ပေါ့လေ…သံချပ်ကို ဒီတိုင်းကြီးမဆိုပဲ အသံ အနိမ့်အမြင့်လေးတွေနဲ့ ဆိုလေ့ရှိတာကိုး လူအရင်ရွေးရတာပေါ့…. ပြီးတော့မှ စတိုက်ကြရတာ မိန်းကလေးတွေပါ ပါမယ်ဆိုတဲ့အစီစဉ်ကလဲ ဒီနှစ်မှစတာ ကျနော့အထင်မမှားရင် ဂျူးဂျူး က စပြီး အကြံပေးသွားတာဗျ… ဒါနဲ့ မိန်းကလေးတွေ လုပ်ကြမလားမေးပြီး တကယ်တမ်းအားပေးပြီး လုပ်သွားတာကြတော့ မီးငယ် ရွှေအိ နှင်းနှင်း မရွှေစင်တို့ပေါ့ သူတို့တွေပဲ အဓိကလူစုပေးသွားတာလေ… လူညီလွန်းလို့ပေါ့ ပထမဆုံး မိန်းကလေးတွေပါမဲ့ သံချပ်ပေါ့ဗျာ… အမိုက်စားနော် ဒီဟာကိုတိုက်ရင်ပဲ လူပေါင်းများစွာနဲ့ ပျော်စရာကြီး အမှတ်တရလေးပြောရရင် တရက်သံချပ် တိုက်တော့ ပထမဆုံးအပိုဒ်ကို ဆိုရမဲ့ ကိုကျော်စိုးကမလာဘူး… သူ့နေရာမှာ ကွမ်းသီးက ကျနော့ကို ခဏအော်ပေးတဲ့ ok ပေါ့ ရတယ်ပေါ့… အဲဒိမှာ ပထမဆုံးအပိုဒ်စာသားက သင်္ကြန် သင်္ကြန် သင်္ကြန်ပွဲဗျိုး… အမှန် အမှန် ပျော်စရာပဲဗျိုး…တဲ့ သင်္ကြန် နဲ့ အမှန် ဆိုတာကို ကာရန်ယူထားတာပေါ့… အဲဒီဟာကို ကျနော်ကထ ဆိုတော့ သင်းကြန် သင်းကြန် သင်းကြန် ပွဲဗျိုး လို့တိုင်လိုက်တော့ အနောက်ကလူတွေက အင်းမှန် အင်းမှန် ပျော်စရာပဲဗျိုး ဆိုပြီး ဖြစ်ကုန်ရောလေ တလွဲကြီးပေါ့ ရီလိုက်ကြရတာလေ သင်္ကြန် ဆိုတာကို သင်းကြန်လို့လဲ အသံထွက်တာပဲလေ… ကျနော် မှားလို့လား… အင်းလေ မှားတယ်ပဲထားပါတော့ အင်းမှန်တွေဖြစ်ကုန်တာကိုး…
နောက်ထပ်အမှတ်တရတခုက အဲဒီမှာ ဆိုတဲ့ဘောလုံးသီချင်း အဲဒီသီချင်းကို ၂၀၀၃ ထဲကစပ်ထားတာဗျ သီချင်းက TP ဘောအသင်း ရှုံးတဲ့အကြောင်းကိုး ဖြစ်ချင်တော့ သီချင်းစပ်ပြီးမှ Interpoly ကန်ရတာလေ အဲဒီနှစ် Interpoly မှာ နောက်ဆုံးပွဲ NYP နဲ့တွေ့တော့ ကွမ်းသီးကလာပြောတယ်… တကယ်လို့ ဒီနေ့ နိုင်သွားရင် ငါစပ်ထားတဲ့ သီချင်းက သုံးလို့မရတော့ဘူးပေါ့တဲ့.. ကျနော် ရယ် လီယိုရယ်ဗျာ ကွမ်းသီးကို ထိုင်ပြီးတော့ကို ဆဲတာ အနိုင်ကန်ရပါမယ်ဆိုမှ သူကသီချင်းကို လာနှမျောနေသေးတယ် တကယ်တမ်းလဲ အဲဒီနေ့ပွဲမှာ TP က ထုံးစံအတိုင်း ရှုံးသွားလေရဲ့ ( TP ကွ ) အဲဒီလိုနဲ့ နောက်ဆုံးသုံးဖြစ်သွားတယ်ပေါ့ ဖြစ်ချင်တော့များနော် ( အဲဒီတုန်းက တီးလုံးအဆုံးမှာ ခြေထောက်ကိုကျော်ပြီး ခုန်လိုက်တာ… အခုတော့ လာမခုန်ခိုင်းနဲ့ဗျိုး … လူက၂ဆ ၃ဆလောက်ပိုကြီးနေပြီ ဝက်ကျကျလိမ့်မယ်.. ) ၂၀၀၄ သံချပ်ကတော့ဗျာ ပရိသတ်လက်ခုပ်သံ အရဆုံးပဲ ( ကျနော်ကြုံဖူးသမျှ ပွဲတိုင်းထက် ) တကယ်အားရစရာကြီးပါဗျာ… သံချပ်မောင်မယ်တွေကလဲ mood အပြည့်နဲ့ ပြုံးလို့ရွှင်လို့ ပျော်လို့မော်လို့ပေါ့. ၂၀၀၄ သင်္ကြန် ရဲ့ first impression ပေါ့ဗျာ စပေါက်ပြီကိုး… နောက်ပိုင်းက ဘာလုပ်လုပ် တင့်တယ်ပြီပေါ့ဗျ… ဇာတ်စကားနဲ့ပြောရရင် ဇာတ်ရဲ့ဝိညဉ်သွင်းတဲ့အချိန်ပေါ့.. အဲဒီအဆင့်အောင်မြင်ရင် နောက်ပိုင်းက လမိုင်းကပ်ပြီသာမှတ်. ကျနော်တို့ TP အောင်မြင်ခဲ့ပါတယ်….
တေချင်းရှိုး . .ကာလနာ . .မြွေပွေးကိုက် !!. . သင်္ကြန်နဲ့လည်း မဆိုင်ဘဲနဲ့ ရှောက်ဖွတယ် . . အဲဒီ ဘဲဥ ကို မင်းအဲလောက်ကြိုက်မှန်း ငါခုမှသိတယ် . .  |
| |
|
|
| padaukmoe |
Posted on 19-11-2009 11:35
|
Newbie

Posts: 4
Joined: 02.04.09
|
ဟီးဟီးကိုကွမ်းသီးခံလိုက်ရတယ်.. တိန် တိန်.. တိန်...  |
| |
|
|
| itza23 |
Posted on 19-11-2009 12:43
|
Admin

Posts: 54
Joined: 16.03.09
|
yaytamar wrote:
တေချင်းရှိုး . .ကာလနာ . .မြွေပွေးကိုက် !!. . သင်္ကြန်နဲ့လည်း မဆိုင်ဘဲနဲ့ ရှောက်ဖွတယ် . . အဲဒီ ဘဲဥ ကို မင်းအဲလောက်ကြိုက်မှန်း ငါခုမှသိတယ် . . 
ဘဲဥ ဆိုတာ Patrick ကိုပြောတာမဟုတ်လား ဟီးဟီး.... တော်တော်ကို စဉ်းစားယူလိုက်ရတယ် ကျေပြီ နော....
KyawZin...
( mail to itza23@yahoo.com )
( chat to itza23@gmail.com ) |
| |
|
|
| myuwai |
Posted on 19-11-2009 13:01
|

Member

Posts: 69
Joined: 21.01.09
|
Ko Patrick တံဆိပ် အသားကပ် အောက်ခံ ဘောင်းဘီ ရှိလို့လား
ပလို့ဂျိ! |
| |
|
|
| itza23 |
Posted on 19-11-2009 21:44
|
Admin

Posts: 54
Joined: 16.03.09
|
ရွဲကုန်သည် ကျပြန်တော့ အားလုံးကတော့အဆင်ပြေပါရဲ့… တခုပဲ… အနောက်က တဲပုံစံလုပ်ရတာပဲ နဲနဲလက်ဝင်တယ်ဗျာ… အဲဒီတဲကို သင်္ကြန်မတိုင်မှီညမှာ အသည်းအသန်လုပ်ကျရတာလေ မိုးလင်းတဲ့အထိမပြီးသေးဘူး အဓိကကတော့ ရဲကျော်သူ ပါ … သူကလက်မှုပိုင်းတွေ ပိုင်တယ်လေ.. တခြားသူတွေက ဝိုင်းကူပေါ့.. ကျောင်းရှေ့က ပန်းခြံလေးထဲမှာ ညလုံးပေါက်ပါပဲ … ကျနော်ဆိုလဲ အဲဒီမှာ သွားကူရင်းနဲ့ ကျောပိုးအိတ်ကို ခေါင်းအုံးပြီး အိပ်ပျော်သွားတာပဲ…လူတွေက အရမ်းပြိုင်းနေကြပြီလေ… မအိပ်ရတဲ့ညတွေလဲ မနဲတော့ဘူးကိုး… နိုးတာနဲ့ကျောင်းကိုတန်းသွားတာ ( အဲဒီမှာ ညကအိပ်ထားတဲ့ အဝတ်စားတိုင်းပဲ စုတ်တီးစုတ်ပြတ်နဲ့ သီချင်းတောင်တက်ဆိုလိုက်သေးတယ် ဟီးဟီး ) အံမယ် ရွဲကုန်သည်ကနော် လက်ခုပ်သံရချက်က ပက်စက်တယ်… VCD မှာကျတော့ အသံမပါလို့ .. အပြင်မှာကတော့ဗျာ ရုံကွဲမတတ်ပဲ.. Ko Freddy ရူးတဲ့အခန်းကတော့ အားပေးချက်ကတော့ လန်ထွက်တယ် သူကလဲ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ လူတွေကိုလက်ညိုးတွေထိုးပြီးတော့ကို ရူးပြတာဗျာ… တကယ်ရူးသလားထင်ရတယ်လေ ( ပင်ကို အခံလဲ ရှိရင်ရှိမှာပေါ့လေ ) မပေးပေးပေးပေး ငါ့ရွှေခွက်ပြန်ပေးဆိုပြီး ခုန်ထလိုက်တဲ့နေရာဆိုရင် ပရိသတ်က အုံးကနဲပဲ…. သိချင်းက အမှန်တကယ်က တနာရီနီးပါးလောက်ကြာတဲ့ သီချင်းပါ အဲဒါကို ပေါင်မုန့်နဲ့ ko freddy နဲ့က အတိုချုံးပြီး ဖြတ်ချလိုက်တယ် မိနစ်၂၀စာလောက်လေးပေါ့… မသွယ်ကလဲ အဖွားကြီးကိုပီပီပြင်ပြင်… စိုင်း ကလဲရိုးသားတဲ့ ရွဲကုန်သည်ပုံစံလေးနဲ့ … ဂျူးဂျူး… နှင်းနှင်း… သန့်အောင်… အားလုံးသူ့နေရာနဲ့သူ အံကျပဲ ဒါကတော့ လူကြီးကြိုက်ပေါ့ဗျာ သဘောကျကြတယ်လေ…
ရွဲကုန်သည်ရော.. ပုဂံအကရောမှာ ပါထားရလို့ဆိုပြီး တခန်းရပ်ပြဇာတ်မှာ မပါချင်ဘူးဆိုလို့လဲ မရပါဘူး ko freddy ကို အတင်းထည့်လိုက်တာပဲလေ who wants to be a millionaire ဆိုတဲ့ဇာတ်လေးပေါ့ တခါတလေတော့ ဝင်ပေါကြည့်ပါဆိုပြီး အတင်းဝင်လုပ်ခိုင်းရတာဗျ… မေးခွန်းတွေကို ဖြေမဲ့သူတွေက အသေးလေး ဖိုးချစ် သန့်အောင် တို့ကိုပါရောထည့်ထားတယ်လေ ..အဲဒီပြဇာတ်အတိုလေးကလဲ ခေါင်းစားသား… မေးခွန်းတွေစဉ်းစားရတယ်… ဟာသပြက်လုံးတွေကိုလဲ အဖုံးအပိတ်လေးနဲ့ပဲ လုပ်ချင်တယ် ဒဲ့ကြီးဘာကိုမှမပြောချင်ဘူးလေ တွေးလုံးလေးတွေနဲ့ပဲ ပရိသတ်ကို ရီစေချင်တယ်.. စဉ်းစားပြီးမှ ရီရတာမျိုးလေးက ပိုပြီးပညာပါတယ်လေ… ကို့ပါးစပ်က ဘာမှမပြောဘူး မျက်စ လေးလှမ်းပစ်ရုံလေး ပစ်ပြတာပါ လမ်းကြောင်းလေးပဲပေးလိုက်တာ သူတို့ဟာသူတို့ အတွေးလွန်ပြီး ရီကြတာပေါ့နော် ရီပြီးတော့မှ ကျနော်တို့က ဒီဟာကို ဆိုလိုတာပါဆိုပြီး ပြောလိုက်တယ် ဝိနည်းလွတ်ပေါ့…. အဲဒီမှာ ကြားကကြော်ငြာတွေ ထဲ့တာကတော့ အငြိမ့်တွေထဲက ပုံစံလေးပါ…. မတူတော့မတူဘူးပေါ့လေ အဲဒီကြော်ငြာတွေကို ကျနော်ရေးထားတာ ကြာပြီဗျ ၂၀၀၃ထဲက…. နောက်ဆုံးတော့ သုံးဖြစ်သွားတာပေါ့လေ… ကေသီပန်ကို ဖျက်တဲ့ ကြော်ငြာဆိုရင် စာသားကို လူတွေအများကြီးနဲ့တညလုံး ထိုင်စဉ်းစားရတာ…. ပိုကောင်းသွားတာက စင်နောက်မှာ တီးဝိုင်းက ဒရမ်ကြီးလာထားထားတော့ စည်းချက်ကို အနောက်ကနေ လိုက်တီးပေးလို့ရတာပေါ့လေ… ကျနော်က ဒရမ်တီးပြီး ကိုကျော်ကျော်က ကီးဘုတ်တီးပေးပါတယ် (ကိုကျော်ကျော်က သံချပ်မှာလဲ ကီးဘုတ်တီးပါသေးတယ်… အစပိုင်းလောက်မှာပေါ့ ပြီး တော့ စိတ်ပါလာပြီး တဝက်လောက်မှာ ဝင်အော်မယ်ဆိုပြီး အပြင်ထွက်ချလာတာလေ… ) သမိန်ပေါသွပ် ( ကြောင်ချီး ) နဲ့ သားကြီး အတွဲက ပထမပေါ့… သားကြီးကိုလဲ မိန်းမလိုဝတ်ထားတာ ချောလို့ဆိုပြီး လာမေးကြတယ်လေ… နောက်တော့ ကွမ်းသီးနဲ့ ကျနော်နဲ့က တခေါက် ( ဘယ်တော့မှ ပြန်မကြည့်ပါဘူး ရှက်လွန်းလို့ ) ရင်သော် နဲ့ ရဲသူလွင်က နောက်ဆုံးအခေါက် ပေါ့… ရဲသူလွင်ဆိုရင် ထွက်လာပြီးတော့ ကွမ်းသီးဆိုထားတဲ့ ဟာကိုမှားပြီး ဆိုလိုက်သေးတာ သူ့ဘေးကရင်သော် ဆိုရင်ဘာဆက်လုပ်ရမှန်းမသိပဲကြောင်သွားတာပေါ…့ ပြီးမှသူ့ဟာသူ မှားမှန်းသိတော့ သူများဆိုပြီးသားမဆိုဘူးဆိုပြီး ရှောချသွားတာတော်သေးလို့ပေါ့ ( ရှင်းလင်းချက် နောက်ဆုံးမှာ သူပြောသွားတဲ့ ဖုံးနံပါတ်က သူ၏ ရည်းစားဖြစ်သူ ဖုံးနံပါတ်ဖြစ်ကြောင်း သူကိုယ်တိုင်ဖွင့်ဟဝင်ခံသွားပါသည် ) အဲဒီအထဲမှာ သားကြီးရဲ့ မေးခွန်းဖြစ်တဲ့ Sexy အဖြစ်ဆုံးကောင်မလေးတွေ TP မှာမရှိဘူးဆိုလို့ Complain တွေက တက်ကြသေးတယ် TP မှာ ကောင်မလေးချောချောမရှိတော့ဘူးလားတဲ့ ရှိပါတယ် တကယ်ရှိပါတယ် ရှိပေသော်ငြား တကယ်ချောပြီဆိုရင် ဘေးကအတွဲလေးတွေနဲ့ဆိုတော့ မရှိတဲ့သဘောပဲထားလိုက်ပါရစေတော့ ဘယ်သူမှဘာမှ ပက်သက်ခွင့်မှမရှိတော့တာ ဟုတ်ဖူးလား စင်ကာပူမှာ ရည်းစားထားရတာကလဲ လွယ်တာမှမဟုတ်တာ ရန်ကုန်မှာ ကားဝယ်ရသလိုပါပဲလေ သိတယ်မဟုတ်လား ကားသစ်လေးတွေ မဝင်လာပဲ ကားဟောင်းတွေကိုချည်း အလဲအထပ်လုပ်နေကြတာလေ ကို့ဆီရောက်မှ ပြင်စီး ဆင်စီးပေါ့… ကားသစ်တွေဝင်ပြန်တော့လဲ ဆိပ်ကမ်းကမှမချရသေးဘူး ပိုင်ရှင်အမည်ပေါက်တွေနဲ့ကိုး ဝမ်းဆက်တွေချည်းပဲ ထားပါတော့ … ဒီဇာတ်ကတော့ အဓိက ကကိုကျော်စိုးပါ သူက သူ့ကို ဇာတ်လမ်း ကျောရိုးသာချပေးလိုက် သူ့ဟာသူလုပ်သွားလိမ့်မယ် အဲဒီလိုမျိုး ဟာသကိုသဘောပေါက်လွယ်တဲ့ လူမျိုးတွေများများစားစား ရှိလို့လဲ ကျနောတို့တွေ အောင်မြင်ခဲ့တာပါ (တချို့ဆိုရင်တွေ့ဘူးပါတယ် ပြောဆိုလို့သာ တက်ပြောတာ ကိုပြောတဲ့ဟာသကဘာကိုဆိုလိုမှန်းမသိဘူး တကယ်ကြုံဘူးခဲ့တယ် ) ဇာတ်လမ်းကိုထိမ်းနိုင်မဲ့သူတွေ အများကြီးရှိတယ် စင်ပေါတက်ပြီး ပဲမများဘူး …ချပေးတဲ့ဇာတ်ရုပ်ကို ဖြစ်ချင်တာဖြစ် မရှက်မကြောက် ကရဲတယ် ဟာသမြောက်ဖို့ပဲ ဂရုစိုက်ကြတယ် တချို့တွေကရှိတယ် စင်ပေါ်တက်လိုက်ပြီဆိုရင် လှလှပပလေးဝတ်စားသွားရမှ… ကို့မျက်နှာကို ဂရုတစိုက်လေး လှအောင်နေနေတတ်တာမျိုး ( ပုံပျက်မခံဘူးလေ ) အဲဒီဇာတ်လေးရဲ့ နောက်ဆုံးအသိမ်းလေးကို ကျနော်တော့ကြိုက်တယ် ဘာလို့လဲဆိုတော့..အဲဒီနောက်ပိုင်းကြမှပဲ air con တွေ… copy ကူးစက်တွေတွေ့လာရတာပါ အပြုသဘောဆောင်တဲ့ဟာသလေးနဲ့ ဒီလိုဟာသလေးကြောင့် ဒီလိုလေးတွေတိုးတက်တာကို မြင်ရတယ်ဆိုတော့ လုပ်ရကျိုးနပ်ပါတယ် ကျေနပ်တယ်ဗျာ..
KyawZin...
( mail to itza23@yahoo.com )
( chat to itza23@gmail.com ) |
| |
|
|
| itza23 |
Posted on 22-11-2009 00:45
|
Admin

Posts: 54
Joined: 16.03.09
|
သင်္ကြန် တွေမှာ တနှစ်ထက်တနှစ်တိုးတက်လာတယ်… ကောင်းသထက်ကောင်းအောင် ဆောင်ရွတ်နေတဲ့ Phillips အဲလေ Tp ပေါ့လေ.. အချိန်လေး နည်းနည်းပေးလိုက်တာနဲ့ ဘဝမှာ နောက်ထပ်ပြန်မရနိုင်တဲ့ အမှတ်တရလေးတွေပါဗျာ…အရင်နှစ်တွေနဲ့မတူတာတွေကတော့ အရင်နှစ်တွေတုန်းက Program တခုလုပ်တော့မယ်ဆိုရင် သေချာစဉ်းစားကြတယ်… လူကြီးတွေဆိုတော့ စနစ်တကျလဲရှိကြတယ်လေ… ၂၀၀၄မှာတော့ အဲလိုမျိုးမဟုတ်ဘူးဗျ အားလုံးက စိတ်မြန်လက်မြန်တွေကြီးပဲ အရွယ်တွေကလဲ ၂၀ ပတ်လည်တွေဆိုတော့ သစ်ရွတ်လှုပ်တာတောင် မီးတင်ရှို့ချင်တဲ့ အရွယ်တွေလေ ဒုန်းဒိုင်းနဲ့ လုပ်လိုက်ကြတာပဲ အဆင်ပြေလို့တော်သေးတာပေါ့ဗျာ မဟုတ်ရင်တော့သေပြီ…ဘယ်လိုပဲဖြစ်ဖြစ် Senior နဲ့ Junior တွေရဲ့ တယောက်ပေါ်တယောက်လေးစားမှုကတော့ အခုလက်ရှိအချိန်တွေထက်ပိုတယ်…. သိချင်တဲ့အရာရာကို တိုင်တိုင်ပင်ပင်လုပ်ကြတယ် Organiser ဟောင်းတွေဆိုရင် အပြင်မှာတွေ့လိုက်ရင်တောင် ပြာပြာသလဲပဲ အခုချိန်အထိ…. ကိုယ်ကပဲ စင်ပေါ်မှာ ပေါ်တောတောတွေ မျက်နှာပြောင်တာတွေ လုပ်ခဲ့လွန်းလို့ မလေးစားကြတော့တာလားတော့ မသိဘူးပေါ့ (အားလုံးတော့လဲမဟုတ်ပါဘူး တချို့ပေါ့ )
ပြဇာတ်ကျတော့ ကျနောတို့တွေ ၂၀၀၃ ထဲက တဝက်တပြက်ရေးထားတဲ့ ပြဇာတ်လေးဗျ… သေချာပြန်ရေးပြီး အချောကိုင်ထားတာ အစောကြီးထဲက ရေးထားတော့.. အချိန်ရသ၍ ပြန်စဉ်းစားပြီး ဟာသအသစ်တွေ စဉ်းစားမိတိုင်း ထည့်လို့ရတာပေါ့… ဘယ်သွားသွား စာအုပ်လေး တအုပ်အမြဲယူသွားတယ်.. ဟာသတခုခု Idea တခုခု စိတ်ကူးထဲ ပေါ်လာတာနဲ့ ချက်ချင်းချရေးထားတာ… သင်္ကြန်ကိုအစောကြီးထဲက စတာလဲ အဲဒီအကြောင်းကြောင့်ပဲ…. အချိန်ယူပြီး စဉ်းစားထားတဲ့ idea နဲ့ ခုချက်ချင်းရတဲ့ idea နဲ့က လေးနက်ပုံခြင်း ကွာတယ်လေ.. ပိုကောင်းမယ်ထင်တာလေးတွေ ရွေးထည့် .. ပရိသတ်ကြိုက်လောက်မဲ့ဟာမျိုးကို စဉ်းစား.. ဖြေးဖြေးချင်း အစာသွတ်တဲ့ သဘောပေါ့… ဒီပြဇာတ်မှာ.. ဖိုးကောက်နဲ့ ကျော်ကြီးက အဓိကနေရာဆိုတော့ ဘယ်နေရာမှာမှမသုံးပဲဥထားတာလေ တော်တော်လဲတိုက်ထားကြပါတယ် … သူတို့ရဲ့ yo yo wat's up ဆိုတာကလဲ တော်တော်နာမည်ကြီးသွားတာကိုး… မိန်းကလေးနေရာမှာ ကျနော်တို့ရေးထားတဲ့ စကားတွေကို မှန်မှန်နဲ့ မြန်မြန်ပြောနိုင်မဲ့သူကိုရှာရင်း အဲဒီ တယောက် ( ချစ်မိုး ) နဲ့နောက်ဆုံးအဆင်ပြေသွားတာ တခါပဲသင်ပေးရတယ် အကုန် အိုကေပဲ ( ကျော်ကြီးနဲ့ စကားပြောနေရင် အဲကောင်မျက်နှာကိုကြည့်ပြီး မရီပဲနေနိုင်မဲ့ သူကခပ်ရှားရှားလေ) အဲဒီနှစ်က ပေါင်မုန့် ဆိုရင် လဲ Graduate အနေနဲ့ပြန်ပြီးပါတာကိုး … သူ့ကိုကခိုင်းတော့ မလုပ်ချင်ဘူးဆိုတာကြီးပဲ ပြောလိုက်ရတာ အာပေါက်မတတ်… တကယ်ကပြီလဲ ဆိုရော သူ့အဝတ်တွေ မျက်မှန်တွေ သူ့ဟာသူရှာလာပြီးသား လိုက်လုပ်ပေးဖို့တောင်မလိုဘူး ( မကချင်ရှာဘူးလေ ) ဒါကရွှေအိပြောထားတာပါ >>> “ ၂၀၀၄ ပြဇာတ် တုန်းက လမ်းကွေ့ ဆိုင်မှာ ..ထိုင်ရေးကြတာမှတ်မိသေးတယ်.. ကိုပေါင်မုန့် ကြီး တောင်ဝှေးကိုင်ပြီး အော်ရမယ့် စကားကို စိတ်တိုင်းမကျလို့  6 ခါလောက် ပြန်ပြန်စီရတာလေ... ရီရသေးတယ် .. အဲဒီတုန်းက ..ညလုံးပေါက်ရေးကြတာ...မနက်မိုးလင်းတယ်ထင်တယ်နော် ..” အဲဒီနှစ်မှာက ကျောင်းသားဇာတ်မကချင်တော့ဘူး ရိုးအီနေပြီလေ… အပြောင်းလဲလေးဖြစ်အောင်ဆိုပြီး ဒီဇာတ်လမ်းကိုရေးဖြစ်သွားတာ တချို့ကပြောကျတယ် ဇာတ်လမ်းကကောင်းပါတယ်… ဒါပေမဲ့ ဇာတ်သိမ်းကဘယ်လိုကြီးမှန်းမသိဘူးတဲ့… ဘယ်လိုကြီးမှန်းမသိဘူးမဟုတ်ဘူး ဇာတ်ကိုမသိမ်းခဲ့ရတာဗျ တကယ် … ဇာတ်သိမ်းအကွက်ရောက်ခါနီးမှာ သီချင်းဖွင့်ပြီး ကကြအုံးမှာ.. အဲဒါကို Control Room ကလူတွေက သီချင်းမဖွင့်ပဲ မီးကောက်ပိတ်လိုက်တာလေ… အေးရော… ဘာမှကိုရှေ့ဆက်လို့ကိုမရတော့ဘူး သီချင်းဖွင့်ရမဲ့နေရာမှာမဖွင့်တော့ ပေါင်မုန့်နဲ့ကျနော်က တယောက် မျက်နှာတယောက်ကြည့်လိုက် Control Room ကိုလှမ်းပြီး ကြည့်လိုက်နဲ့ဘာလုပ်ရမှန်းမသိဖြစ်နေတာလေ သေချာကြည့်ရင် တွေ့လိမ့်မယ် သီချင်းမဖွင့်လို့ တခြားစကားတွေ ပြောမယ်ဆိုပြီးလုပ်တော့လဲ မီးကပိတ်ချလိုက်ရော ပြီးလဲပြီးရော အနောက်မှာဝင်ပြီး သောင်းကျန်းကြ တာ walkie talkie တလုံးပါကွဲတယ် ( ၂၀၀၅မှာလဲ တလုံးကွဲတယ်ဗျ အဲဒါကြောင့် မကိုင်ချင်တာ ) ပြဇာတ်စပြီးတိုက်ကြတုန်းကဆိုရင် ကျော်ကြီးကိုကြည့်ပြီး ဘာမှဆက်ကိုလုပ်မရတော့တာ… သူက စကားပြောရင်လဲ အော်ဟစ်ပြီး မာန်နဲ့ပြောတာကို ကိုကဒီဘက်မှာပြောနေရင်လဲ သူက ဟိုဘက်ကနေအမူရာတွေလုပ်ပြနေတာ… မျက်နှာက စပရိန် လိုပဲ ဘာတွေလုပ်မှန်းကိုမသိဘူး.. ပထမဆုံးအခန်းက yo yo what's up ( ဝပ်စပ် ) ဆိုတော့ ဖိုးကောက်က လန့်သွားတဲ့ ပုံစံနဲ့ ကျနော် ဝက်မသတ်ပါဘူး ရိုးရိုးသားသား ကားပွဲစားလုပ်စားနေတာပါ ဆိုပြီးပြန်ပြောရမှာ (တကယ် စင်ပေါ်ရောက်တော့ မေ့ကျန်ခဲ့ပါတယ် ) ဒါပေမဲ့ အဲဒီအခန်းကို တော်တော်နဲ့ကို တိုက်လို့မရဘူး ဖိုးကောက်က အော်အော်ရီ နေပြီးတော့ ရှေ့ဆက်လို့မရလို့ ကျနော်အခုလို စာနဲ့ရေးပြတော့ ဘာမှသိပ်ပြီးမသိသာပါဘူး…. အပြင်မှာကျတော့ ကျော်ကြီးရဲ့ မျက်နှာနဲ့ သူက စောင့်အော်လိုက်တဲ့ပုံစံ တွဲပြီး လုပ်လိုက်တော့ ကျနော်တို့လဲ မနေပဲကိုမရီနိုင်ဘူး ( အဲလေ ) မရီပဲကို မနေနိုင်ဘူး… ဘယ်လိုပဲဖြစ်ဖြစ် ကျော်ကြီး ဒုက္ခရောက်တဲ့ နေရာတော့ရှိတယ်.. ပေါင်မုန့်နဲ့စကားပြောတဲ့ အခန်းမှာ စိတ်ညစ်စရာတွေ အကုန်စုပေါင်း.. အခုရောင်းပြီး.. ( ဆရာရေ …ဟေး ) ပူဖောင်းမှုတ်ရအောင်လေ…. ဆိုတဲ့နေရာ ဘာမဟုတ်တဲ့စကားလေးကျမှ သူမပြောတတ်တာလေ… ရှေ့ကိုမေ့လိုက်… နောက်ကိုမေ့လိုက်… တဝက်မှာ မေ့သွားလိုက်နဲ့ ပြောတော့ပြောလိုက်တယ်.. လေယူလေသိမ်းမမှန်တော့တာနဲ့ ဘာမှမဟုတ်ပဲနဲ့ ဒုက္ခတွေကိုရောက်လို့ … ပေါင်မုန့်ကြတော့လဲ သူ့အသံကြားရင်ကိုပဲ လူကရီချင်နေပြီ အမူရာတောင် သိပ်လုပ်စရာမလို တဲ့သူစားမျိုး တခုတော့ရှိတယ်ဗျ.. သူတို့နဲ့ အလုပ်လုပ်ရတာ အရမ်းကောင်းတယ် ပါးစပ်ကနေ ပေါက်ကရမျိုးစုံ ထွက်နေတော့ ဟာသွားတဲ့နေရာမရှိအောင် ပြောနိုင်ကြတယ်… တခါတလေကျတော့လဲ ထွက်လွန်းလို့ စိတ်ညစ်ရပြန်ရော ထွက်သမျှတွေက ညစ်ညစ်ပတ်ပတ်တွေကြီးပဲလေ တော်တော်ကြီးကို လိုက်ထိန်းနိုင်မှ ( မထိန်းနိုင်လိုက်တဲ့ ၂၀၀၈ ကိုပဲ ကြည့်ပါလား ) ကွမ်းသီးကိုကြတော့ အငြိမ့်မှာလဲသုံးဦးမှာဆိုတော့ စကားသိပ်မပြောခိုင်းဘူး… နဲနဲပါးပါးပဲပြောဆိုပြီး လုပ်မိတာ ကျနော့အမှား( တကယ်ပါ ) ပေါင်မုန့် ဖိုးကောက် ကျော်ကြီး တို့ ၃ယောက်နဲ့ ယှဉ်ပြီး စကားပြောကြတော့… ၃ယောက် ၁ယောက်လေ… စစ်ကူမရှိဘူးပေါ့ … ဟို၃ကောင်က လက်တန်းတွေလွှတ်နေတာ တချို့ဟာတွေဆိုရင် ဘာပြန်ပြောရမှန်းတောင်မသိဘူး … ကိုကလဲ လက်တန်းတွေ ဖြစ်ကုန်ရော မှတ်မှတ်ရရ တခုဗျာ ( ပြောလို့ဖြစ်ပါ့မလားပဲ ) ဖိုးကောက်က ဒီနေရာကိုဖျက် ကန်ထရိုက်တိုက်ကြီးဆောက် မင်းတို့တွေဘုံပျောက် လို့ပြောလိုက်တော့ ကျနော်လဲ ပါးစပ်ကနေ လွှတ်ခနဲ မင်းခွေးကျင့်ခွေးကြံ မကြံနဲ့နော်ဆိုပြီးပြောလိုက်တာ ကြိုလဲမစဉ်းစားထားဘူးဗျ စိတ်ထဲပေါ်လာတာ တန်းပြောလိုက်တာပါပဲ အဲဒီမှာ ပထမဆုံးမြင်လိုက်တာ ကန့်လန့်ကာကြားကနေ ခုန်ပြီး အော်ရီလိုက်တဲ့ Ko Freddy… အဲဒီနောက်မှ ဟာ ငါတော့သွားပြီ ဆိုပြီး ဖြစ်သွားတာ … ပါးစပ်ထဲရှိတာကို ပြောလိုက်တာပါပဲ ဒါပေမဲ့ တော်တော်ကျန်းသွားတာကိုး ပရိသတ်ကလဲ ဝေါဆိုပြီးဖြစ်သွားတာ…. သူတို့တွေကလဲ စကားကိုမစရဲသလောက်ပဲ… စွတ်ကို အထာပေါက်နေကြတာ ဒီမှာ ကံကောင်းလို့ မွေးမေလေ့..တော့မလို့….. တခြား စကားကို အတင်းကို လုပြောပြစ်လိုက်ရတယ်….
အားရင် ဆက်ရေးပါမည်...
KyawZin...
( mail to itza23@yahoo.com )
( chat to itza23@gmail.com ) |
| |
|
|
| Raionmin |
Posted on 25-11-2009 17:19
|

Admin

Posts: 150
Joined: 16.03.09
|
မအားတော့ပြန်ဘူးလား။ Gym တော့သွားပြီးတော့။ ပြန်ပိန်မှာလဲမဟုတ်ပဲနဲ့။
    |
| |
|
|
| itza23 |
Posted on 27-11-2009 07:58
|
Admin

Posts: 54
Joined: 16.03.09
|
ဟိုအရင်နှစ်တွေတုန်းကတော့ အငြိမ့်ဆိုတာမထည့်ခဲ့ကြဘူး… အကြောင်းကြောင်းကြောင့်ပေါ့လေ. ဒီနှစ်မှာတော့ ကိုတွတ်ပီက အငြိမ့်လုပ်ချင်တယ်တဲ့… သူ့ရဲ့ပိုးကလဲမသေးဘူးနော် Tp Entrance Exam ကို…ကျနော်နဲ့တူတူ ဒီမှာလာဖြေထဲက.. ငါကတော့ကျောင်းတတ်ရင် အငြိမ့်တက်ကမှာကွ… ဆိုပြီးတော့ကို ကြိမ်းဝါးထားတဲ့သူမျိုး.. ကျောင်းကမရသေးဘူး ကဖို့ကအရင်စိတ်ကူးယဉ်နေတဲ့လူ … အငြိမ့်ထည့်ဖို့သေချာသွားတဲ့အခါကျတော့ မင်းသမီးအရင်ရှာကြတယ်.. ပြီးတော့ နောက်ကနေ ပို့ပေးဖို့ တီးပေးဖို့လူကိုကြတော့ မမေသဲရဲ့ အကူညီနဲ့ ဦးမြင့်စန်းကို အကူညီတောင်းရတာပေါ့… ဦးမြင့်စန်းတို့ဘက်ကလဲ SP ကိုကူညီမယ်ပြောထားပြီးပြီ. သိပ်မအားတော့ဘူး အဲဒါကိုပဲ မရရအောင် အကူညီတောင်းမယ်ဆိုပြီး လူ၁၀ယောက်လောက်စုပြီး ဦးမြင့်စန်း အိမ်ကိုသွားအပူကပ်လာတော့ နောက်ဆုံးအဆင်ပြေလာခဲ့တယ်… ကိုတွတ်ပီဘက်ကလဲ ပြက်လုံးတွေစု ကျနော်တို့ပေါင်းပြီးတော့လဲ ဝိုင်းရေးပေးကြ လူရွှင်တော်တွေကလဲ သူနဲ့တွဲနေကြလူကြီးပဲဆိုတော့ အဆင်ပြေတယ်လေ…. ( စကားမစပ် ဒီအထဲမှာပါတဲ့ ကွမ်းသီးပြောတဲ့ MRT အသံက အဲဒီတုန်းက တကယ်အဲလို အသံကြီးဗျ အခုမှသာ ငြိမ့်ငြိမ့်ညောင်းညောင်း ဖြစ်သွားတာ ) သူတို့ဟာသူတို့အိမ်မှာ လေ့ကျင့်ပြီးသွားရင်လဲ ကျနော်တို့ကိုခေါ်ပြီးတော့လဲ ကြည့်ခိုင်းတယ် Feedback တွေလဲတောင်းတယ်… သူက သူ့လေသံကိုက လူရွှင်တော်လေသံ… အဲဒီနေရာက သူနဲ့အလိုက်ဆုံးပဲ အပြင်မှာလဲ စကားကတတ်ပါ့ … တော်ရုံလူ သူနဲ့စကားမပြောရဲဘူး ..တလုံးတလုံးပြောလိုက်ရင် အမြှောက်နဲ့ ဆော်လိုက်သလိုပဲ… ပြောရင် လွန်တယ်ထင်မယ်… အပြင်မှာသွားစကားပြောကြည့်ဗျ တကယ်.. ပြောစရာရှိလို့ ဖုန်းဆက်မိလိုက်ရင်တောင် ကိုင်လိုက်တာနဲ့ အေး အငယ်ကောင်လေး … ပြော… ဆိုပြီး ပိတ်ပြောတာ ကိုယ်ကသူ့သား အငယ်တောင် ဖြစ်သွားရသေးတယ် … ကျနော်တို့ကျောင်းမှာ အဲလိုလူတွေများတယ်ဗျ .. ကြုံတုန်းမို့ပြောလိုက်ပါအုံးမယ် စကားသိပ်တတ်တယ်လို့ ကျနော် ယူဆထားတာ ၄ယောက်ရှိတယ် တစ်ယောက်က လီယို ( ၂၀၀၅ ပြဇာတ်ထဲကတယောက် ၊ TP ရဲ့ ပြဇာတ်တွေက သူ့ပြက်လုံးတွေနဲ့မကင်းပါဘူး… ဘယ်ခွေးထီးမှ အဖက်မလုပ်တဲ့ တော်သလင်းလ ခွေးမရဲ့ မျက်ခွက်ဆိုတာ သူ့ရဲ့ စကားလုံးပါ ) ဒုတိယတယောက်က ဖိုးကောက် ( ၂၀၀၁ နဲ့ ၂၀၀၈ မှာအခြောက်လုပ်သွားတဲ့သူ မဟုတ်တရုတ်ကို မရပ်မနား ပြောနိုင်တဲ့သူတယောက်ပါပဲ ) တတိယတယောက်ကတော့ တွတ်ပီပေါ့ စတုထ္ထတယောက်က ဆွေလင်းမောင် ( ၂၀၀၅ ပြဇာတ်ရယ် ၂၀၀၅ ထဲမှာပဲ ဘီလူးလုပ်တဲ့တယောက်၊ ၂၀၀၈ရဲ့ သူတောင်းစားပြဇာတ်က သူ့ရဲ့အာဘော်တွေ ၈၀ရာခိုင်နှုန်းလောက်ပါတယ် မန္တလေးသားတွေ စကားထွားတယ်ဆိုတာ သူနဲ့တွေ့တော့မှယုံတော့တယ် မှတ်မှတ်ရရ ၂၀၀၄ ဘုန်းကြီးကျောင်းပွဲမှာ အာရုဏ်ဆွမ်းအတွက်ချက်နေတုန်း ညထဲကရောက်လာပြီး ဟာသတွေထိုင်ပြောတာ တယောက်ထဲနော် အားလုံးကအလုပ်မလုပ်တော့ပဲ သူ့နားမှာ ပါးစပ်အဟောင်းသားနဲ့ ထိုင်ပြီးနားထောင်နေကြတာ တဝါးဝါးတဟားဟားနဲ့ နောက်ဆုံးဘုန်းကြီးကိုယ်တိုင်ဆင်းလာပြီးတော့ မဆူဖို့ပြောယူရတဲ့အထိ )
MC ပိုင်းမှာကျတော့ လူရွေးတယ်ဗျ… လုပ်ချင်တဲ့သူ များနေတော့ Lecture Room တခုကို ခေါ်လိုက်တယ်.. ပြီးတော့ စကားပြောခိုင်းကြည့်တယ် ( စကားပြောတာနဲ့မတူပဲ စာဖတ်သလိုကြီး ဖြစ်နေမှာဆိုးလို့ ) ဒီအပိုင်းကိုတော့ ကိုကျော်စိုးကို တာဝန်ပေးထားတာလေ… သူက E ကောင်းတာကိုး ( ပေါက်ရင် တော်တော်နံတာပေါ့ ) ပြီးတော့ တခုခုဖြစ်ရင် ဘယ်လိုပွဲထိန်းမလဲဆိုတာမျိုးကို မေးပြီး… ပြောခိုင်းကြည့်တယ် အဲလိုတွေ လုပ်ပြီးမှ… ၄ယောက် ထွက်လာတာပါ…. Actual Day မှာလဲ အဲလိုပွဲထိန်းဖို့လဲ တကယ်လိုအပ်လာတာကိုး.. လူ၅၀၀လောက်ပဲ ဆံ့တဲ့ Audi မှာ ဝင်လာတဲ့သူက ၈၀၀ ကျော်သွားတော့ တံခါးတွေပါ ဖွင့်ပေးလိုက်ရတာပေါ့…
Stage Show အလှည့်ရောက်ပြန်တော့ ဖြစ်ချင်တာတွေဖြစ်ကုန်တော့တာပါပဲ မိုက်ခရိုဖုန်းက အသံတွေပျက်သွားတာ ( ဒီကြားထဲ Fire Alarm ထမြည်ပြီး တံခါးတွေပွင့်ကုန်လို့ အတင်းဝိုင်းတွန်းထားရသေးတယ် အစုံပဲ အစုံပဲ ) ပထမက MIC တခုပဲပျက်တာ နောက်ကျတော့ အပေါ်က စက်တွေပါ ပူပြီး အကုန်ပိတ်ကြကုန်တာ… အဆိုတော်တယောက်ဆိုရင် ၂ခါပြန်ဆိုလိုက်ရတယ်ဗျာ…. ဘာတွေဖြစ်ကုန်မှန်းကိုမသိတာ…. သူ့ခမျာလဲ ရှက်ရှာမှာပေါ့ ပြန်လဲဝင်လာရော ကျနော့ကိုဖက်ပြီး ငိုပါလေရော… မင်းကတော့ ဒါပဲဆိုပြီးမပြောနဲ့လေ….မောင်နှမတွေပဲ ဟုတ်ဖူးလား…. ကျနောသူ့ကိုဖက်တယ် သူဘာဖြစ်လဲမေးကြည့် ဘာမှမဖြစ်ဘူး… သူကျနော့ကိုဖက်တယ် ကျနော်ဘာဖြစ်လဲမေးကြည့်… ဖီးလ်တက်တယ် အဲလေ ဘာမှမဖြစ်ဘူး…. ဖေးဖေးမမပေါ့.. စကားတခုရှိတယ်လေ အနုပညာရှင်ဆိုတာ ပရိသတ်ရှေ့ တခါအရှက်ကွဲဖူးမှ လမိုင်းကပ်တာတဲ့… ကိုယ်ကတော့ အနုပညာရှင်မဟုတ်တော့လဲ လမိုင်းမကပ်ချင်လဲနေ… အရှက်တော့မကွဲချင်ဘူးပေါ့… ကျနော်ကလဲ MIC တလုံးပျက်ရင် နောက်တလုံး ထွက်ပေးလိုက်…. နောက်တလုံးပျက်ရင် နောက်တလုံး ထွက်ပေးလိုက်နဲ့လုပ်နေလိုက်တာ… ကျနော်တကယ်ဆိုရမဲ့ အလှည့်ကျတော့ အားလုံးက MIC ထွက်ပေးပြန်ပြီလို့ ထင်နေကြတာလေ … အသံထွက်လာမှ တကယ်ဆိုတယ်ဟ ဖြစ်ကုန်တာ…. ဆိုလိုက်တုန်းကတော့အကောင်း.. နောက်ဆုံး Happy New Year ဆိုပြီး အော်လိုက်တော့မှ အသံကြီးက ကွဲသွားတော့တာ ဟီးဟီး ..
နောက်တခုက ကျနော်သတိထားမိသလောက်က ကျနော်တို့ tp မှာ Band က အားရစရာ ကောင်းတယ်ဆိုတာမရှိဘူးဗျ… Band Players တွေကကောင်းတယ်နော်.. ဘာပဲပြောပြော နှစ်တိုင်းမှာတော့ အကြိမ်များစွာတိုက်ပြီး အသေချာတော့ လုပ်ခဲ့ကြတာချည်းပါပဲ… Sound System ကညံ့တာ… ကျနော်တို့ ကတဲ့ Auditorium မှာက Band လုပ်ရလောက်အောင်ကောင်းတဲ့ Sound System မရှိဘူးဗျ… Sound System ကောင်းကောင်းရှိတဲ့ နေရာမျိုးလဲ မရှာကြည့်ချင်ပါဘူး…ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကျောင်းက Auditorium မှာ ကရတာ အကောင်းဆုံးပဲ …. ၂၀၀၈တုန်းက Republic Poly မှာသွားကတယ် အဆင်မပြေဘူး ပိုကျယ်…ပိုကြီးပေမဲ့ ကိုယ့်ကျောင်းလောက်ကို အဟန့်မရှိသလိုပဲ…. တကယ်ပါဗျာ… ကိုယ့်ကျောင်းက Auditorium ထဲကိုဝင်လိုက်တာနဲ့ ရင်ထဲမှာနွေးနွေးလေးနဲ့ ရင်ခုန်ပျော်ရွှင်ရတယ်ဆိုတာ စင်ပေါ်တက်ကဖူးတဲ့သူတွေ ပိုပြီး သိမှာပါ….
ကျနော်တို့ကျောင်းကလူတွေက သင်္ကြန် လုပ်ကြမယ်ဆို ရင်အနဲဆုံး ၄.. ၅လလောက် အချိန်ယူပြီး လုပ်ကြတယ်.. သင်္ကြန်က ကျနော်တို့ ကျောင်းရဲ့ အဓိကထားတဲ့ပွဲပဲ…တချိန်လုံး ဒါကိုပဲစဉ်းစား အပျော်အပါးမက်တယ်ပဲပြောပြော.. သူငယ်ချင်းတွေနဲ့ တူတူ ပေါက်ကရတွေပြောပြီး တရုံးရုံးနဲ့ လိုက်စီစဉ်နေရတာကို ကြိုက်နေတာ… ဘာလေးထည့်မယ်.. ဘာတွေ အသစ်ဖြစ်အောင်လုပ်မယ်ဆိုပြီး တချိန်လုံး စဉ်းစားကြတယ် .. မနှစ်ကထက်သာအောင် တခြားကျောင်းတွေထက်သာအောင် သေသေသပ်သပ် နဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်.. အခုချိန်မှာတော့ ၁လ ၂လလောက်နဲ့ အပြီးလုပ်တာတွေ… အနားကပ်မှ စလုပ်မယ်ဆိုတာတွေ ဖြစ်လာတာတွေမြင်ရတာတော့ စိတ်မကောင်းစရာပဲ.. သင်္ကြန်လုပ်တာကတော့ လွယ်ပါတယ်… ဒါပေမဲ့ သင်္ကြန်ကောင်းတယ်ဆိုပြီး ပြောရလောက်အောင် ပါးစပ်ထဲမှာ စွဲကျန်ခဲ့ရလောက်အောင် အောင်မြင်ဖို့သာ ခက်တာပါ…လာကြည့်တဲ့ သူတွေက ပျော်ရွှင်ချင်လို့ .. ရီချင်လို့လာတာဆိုတော့ ဘာပဲလုပ်လုပ် ရီမှာပဲ… အင်မတန်ညစ်ပတ်တဲ့ ပြက်လုံးတမျိုးကိုပဲပြောကြည့်ပါလား အရင်တော့ရီလိုက်အုံးမှာပဲ… ပြီးတော့မှ ဒီကောင်တွေ အရမ်းညစ်ပတ်တယ်ဆိုပြီး ဘေးကလူတွေနဲ့ ကပ်ပြီး ပြောနေမှာ( အမယ် ရိုးရိုးရီရင်တော်သေး တော်ကြာမှ ဟားဟားဟား သေချင်းဆိုးကြီးတွေ ညစ်ညစ်ပတ်ပတ်တွေ သောက်ရမ်းပြောတယ် ဟားဟားဟား ဖြစ်နေမယ်… ရီလဲရီသေး… လူကိုလဲ ဆဲသေး) အပြင်ရောက်ရင်လဲ ကောင်းလားလို့မေး ညစ်ပတ်တယ်လို့ပြောကြအုံးမှာပဲ… အဲဒီတော့ အောက်ကလူတွေ ရီနေကြတိုင်း အောင်မြင်ပြီလို့ တွက်လို့မရဘူးပေါ့…. တချို့ ပြက်လုံးတွေကျတော့လဲ သတိထားရတယ်… ကို့အချင်းချင်းပြောရင် အူတက်မတတ် ရီရပေမဲ့ တကယ်တမ်း စင်ပေါ်ရောက်တော့ မရီရတာတွေလဲ ဖြစ်လာတတ်ရော….ပြီးတော့ ကျနောတို့ ကျောင်းမှာ တချို့စည်းကမ်းလေးတွေ ရှိတယ် အရှေ့က စီနီယာကြီးများ ဆုံးဖြတ်ထားကြတာပါ.. ကျောင်းကလူတွေကတော့ သိကြမှာပါ တချို့အချက်တွေကိုပြောပြရရင်…အစီစဉ်မှာပါမဲ့ အဝတ်စားတွေနဲ့ ပွဲမစခင်မှာ လမ်းသလားနေတာမျိုး မလုပ်ကြ တာတို့…( သင်္ကြန်မဟုတ်တဲ့ ) ခေတ်ဆန်လွန်းသော အဝတ်စားများနဲ့ ( မြန်မာ အကမဟုတ်တဲ့ ) ခေတ်ပေါ်အကတွေ မကကြ တာတို့… အဲလို ကချင်တဲ့ အဖွဲ့တွေရှိရင် ရေပတ်တဲ့နေရာမှာ ကကြဖူးပါတယ် ( ၂၀၀၁ ၂၀၀၂ တုန်းကပါ ) stage show အစီစဉ်မှာ ဝင်ကဖူးပါတယ် ( ၂၀၀၄ တုန်းကပါ ) program တခုအနေနဲ့ သင်္ကြန်အစီစဉ်တွေမှာ မပါရပါဘူး… ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ ရိုးရာပွဲလေးမို့လို့ပါ… အစီစဉ်မှာလဲ တိုင်းရင်းသားယိမ်းလေးတွေနဲ့ လူကြီးကြိုက် အကလေးတွေလဲပါကြပါတယ်…stage show အစီစဉ်မှာလဲ မြန်မာသီချင်းများပဲ ဆိုကြပါတယ်… english သီချင်းမဆိုကြရပါဘူး.. တယောက်ထဲကလဲ သီချင်း၂ ပုဒ် ၃ပုဒ် မဆိုရပါဘူး အစရှိသဖြင့်ပေါ့လေ ရှိပါသေးတယ်… တရားဝင် စာချုပ်ချုပ်ထားတာမဟုတ်ပေမဲ့.. နားလည်မှုလေးနဲ့ လက်ဆင့်ကမ်းပြီး ထိန်းသိမ်းခဲ့တဲ့ အစဉ်လာလေးတွေပါ..
( တကယ်တော့ သင်္ကြန်ပွဲဆိုတာ လက်ရှိတက်နေတဲ့ ကျောင်းသားတွေရဲ့ ပွဲပါ ဦးဆောင်တဲ့သူနဲ့ ပါဝင်တဲ့ကျောင်းသားတွေရဲ့ တင်ဆက်မှုအရည်အချင်းကိုဖော်ပြတဲ့ ပွဲပါပဲ ကိုယ်ဘယ်လောက်လုပ်နိုင်တယ် ဘယ်လိုအစီစဉ်တွေကို တင်ဆက်နိုင်တယ်ဆိုတာကို ဒီပွဲလေးက ပြမှာပဲ ပွဲကြီးအကြီးကျယ်မှန်းပြီး မနိုင်မနင်းဖြစ်လို့ အကူညီတွေလျှောက်တောင်းနေမဲ့အစား ကိုယ်တတ်နိုင်သလောက်ကိုပဲ အကောင်းဆုံးလုပ်သွားတာ ပိုပြီးကျေနပ်စရာကောင်းပါတယ် စိတ်ရင်းအတိုင်းပြောတာပါ )
အားလုံးပွဲပြီးသွားတဲ့ Grand Finale အချိန်မှာတော့ TPIS က Ms Boey ကိုယ်တိုင်ကလဲ ကျနော်တို့မြန်မာကျောင်းသူ ကျောင်းသားတွေရဲ့ စည်းလုံးမှုနဲ့ တင်ဆက်မှုတွေကြောင့် ကျေနပ်ဝမ်းသာပြီး မျက်ရည်တွေနဲ့ စကားတက်ပြောတဲ့ အထိပါပဲ… ကျနော်တို့တွေအားလုံးကလဲ ခန့်မှန်းထားတာထက်ပိုပြီး အောင်မြင်သွားတဲ့ အတွက် ပိုပြီးကျေနပ်ရတာပေါ့ ( အောင်မြင်ချက်များ BBC က Interview တဲ့အထိအောင်မြင်သွားလို့ ချက်ချင်းမပြန်ရဲအောင်ကိုပါပဲ. ) Ms Boey စကားပြောပြီးတဲ့အချိန်မှာ ပရိသတ်ထဲမှာ ထိုင်နေတဲ့ လာအိုဆိုတဲ့ Graduate တယောက်က TP….အိုးရ် ဆိုပြီး တိုင်လို့ အားလုံးက အိုးရ် လို့ အော်လိုက်ကြတာ Audi ကြီးကွဲထွက်တော့မတတ်… ကြက်သီးတွေပါ ထသွားတဲ့အထိပါပဲ… ကျနော့ဘဝမှာ အမြဲတမ်းအမှတ်ရနေမဲ့ အချိန်လေးတခုပါပဲဗျာ….
တကယ်တော့ အားလုံးကို ခြုံကြည့်လိုက်ရင်…တယောက်ချင်း တာဝန်ကျေခဲ့ကြတာတွေ… ဒီပွဲအောင်မြင်ဖို့ပဲ ဦးတည်ပြီး မညည်းမညူကြိုးစားခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ… ကိုယ့်ထမင်း ကိုယ်စားပြီး ကျောင်းအတွက် အပင်ပန်းခံ ကြိုးစားခဲ့ကြတဲ့တွေ… အားလုံးကြောင့် ( ဒီလို စည်းလုံးခဲ့မှုတွေကြောင့် ) ဒီလောက်ထိအောင် အောင်မြင်သွားခဲ့ရတာပါ…. ကိုတတ်နိုင်သမျှကို အစွမ်းကုန်ပေးစပ်ခဲ့ကြပြီးတော့ ကြိုးစားခဲ့ကြတဲ့ ပွဲလေး အားလုံးကကျေနပ်ခဲ့ကြတယ်… ကြိုးစားရကျိုးလဲနပ်ခဲ့ပါတယ်… Tp Myanmar ဆိုရင် အားလုံးက အသိမှတ်ပြုလာရတဲ့ အထိ စည်းလုံးမှုကို ပြခဲ့ကြတဲ့ပွဲလေးပါ…
ဒီပွဲလေးပြီးသွား တဲ့အချိန်မှာတော့
Gratuade တွေဖြစ်ပြီး ( ဘဝအတွက် လှုပ်ရှားရုန်းကန်ကြ ဖို့ ) နှုတ်ဆက်ခဲ့ရတော့မဲ့ ပျော်ရွှင်စရာ Poly ကျောင်းသားဘဝ
ခွဲခွါသွားရတော့မဲ့ သူငယ်ချင်းများစွာ….
ကျနော်တို့ ဂုဏ်ယူစွာချစ်ခဲ့ကြတဲ့ Temasek ကျောင်းတော်ကြီး….
Poly သက်တမ်းသုံးနှစ်လုံးလုံး ရောက်ခဲ့ရတဲ့ Audi ရဲ့ ဇာတ်ခုံစင်မြင့်….
တချို့တွေက ပိတိအပြုံးတွေနဲ့… တချို့တွေက ဝမ်းသာမျက်ရည်တွေနဲ့ …ခံစားချက်တွေမျိုးစုံ… အမှတ်တရ မျိုးစုံအတွက်.. ချစ်မြတ်နိုးခဲ့ရတဲ့ ညီအကို မောင်နှမတွေကို သတိရလွမ်းဆွတ်ခြင်းများနဲ့ ၂၀၀၄ သင်္ကြန် အကြောင်းလေးကို ပြောပြလိုက်ရတာပါဗျာ…..
“နေပါဦးတဲ့…..
ခမ်းနားဝေဆာ Audi နှစ်ဖြာမှ
ပုလဲငွေမို့ မျတ်ရည်ဆို့နဲ့
ကပါအုံးကွယ် ကလေးရယ်….တဲ့ “
KyawZin...
( mail to itza23@yahoo.com )
( chat to itza23@gmail.com ) |
| |
|
|
| yaytamar |
Posted on 28-11-2009 11:36
|
Junior Member

Posts: 22
Joined: 31.03.09
|
    
ဇာတ်လမ်းပမာ နားဆင်စရာအခန်း အစီအစဉ် . . .ဤတွင်ပြီးဆုံးပါပြီ . . .
ဤဇာတ်လမ်းမှာ ဇာတ်ကြောင်းပြောပြသူ "အဇ္ဇ" အဖြစ် . . . . ကျော်ဇင် . . .မှ သရုပ်ဆောင်ထားပြီး 2004 TP Myanmar ကျောင်းသူကျောင်းသားများမှ ပါဝင်ပံ့ပိုးကူညီ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ် ခင်ဗျာ . . .
ယခုအခါ နေ့လည် ၁၂ နာရီ ထိုးခါနီးပြီမို့ မြန်မာဘာသာပိုင်း အစီအစဉ်များ ဒီတွင် ရပ်နားပြီး အခုနကအစီအစဉ်များကို ကိုကျော်ဇင်မှနေ၍ အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်စတင်တင်ဆက်တော့မှာ ဖြစ်ပါတယ်ခင်ဗျာ . . .
မြန်မာ စက္ခုရှင် ပရိတ်သတ်အပေါင်း ကျန်းမာချမ်းသာတော်မူ ကြပါစေ ခင်ဗျာ . . .
   
Edited by yaytamar on 28-11-2009 11:52 |
| |
|
|
| Poehat |
Posted on 29-11-2009 16:48
|
Junior Member

Posts: 19
Joined: 30.03.09
|
Burglish webpage ကြီးကနေ type လို့ဘဲ။ တော်တော်ရေးနိုင်တယ်။ ဗဟုသုတရပါ တယ်ဗျား။ ကျေးဇူး..ကျေးဇူး။ အမြဲအားပေးနေပါတယ်။ နောက်လဲဒီလို ရီစရာလေး တွေများများရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Never forget ur past |
| |
|
|
| Raionmin |
Posted on 29-11-2009 23:51
|

Admin

Posts: 150
Joined: 16.03.09
|
ပြောပြလိုက် ကိုItza ။ ကိုItza E ကောင်းတာကို ကိုရေတမာမသိသေးဘူး။
(၂၀၀၄ မှလူရွှင်တော်၏ လေသံဖြင့်ဖတ်ရန်။)
Edited by Raionmin on 29-11-2009 23:52
    |
| |
|