Navigation

Login

Username

Password



Click here to register.

Forgotten your password? Request new here.

Poll

Shall we make 15th Anni for TP Thingyan??





You must login to vote.

Random Photo



2009 Water Festival #1

Events

<< September 2010 >>
Mo Tu We Th Fr Sa Su
       1  2  3  4  5 
 6  7  8  9 10 11 12 
13 14 15 16 17 18 19 
20 21 22 23 24 25 26 
27 28 29 30          

Get Firefox 3



Visitors by day

Visitors : 6022550
Website opened since 598 days
10071 visitors per day

Hosted by



View Thread

 Print Thread
ခေါင်းစဉ်တပ်၍ မရသော တိုလီမုတ်စများ
KoKg
#41 Print Post
Posted on 16-09-2009 17:26
User Avatar

Junior Member


Posts: 17
Joined: 09.03.09

Raionmin wrote:
အင်း Ms.Stubborn ဆိုပြီးစဉ်းစားလိုက်တိုင်း ဒီပုံပဲသွားမြင်တယ်။
လူကို Nick နဲ့တွဲလို့မရသေးဘူး။ Grin


တွေးကြည့်တာပြေးကြည့်တာထက်တောင်မှန်တယ်ဗျာ.. Pfft
Hilarious
TP ကျောင်းသားဘ၀...မမေ့နိုင်မယ်ထာဝရ...Music
 
Ms stubborn
#42 Print Post
Posted on 17-09-2009 11:21
Admin


Posts: 34
Joined: 13.03.09

တစ်နေ့လုံးနေမှစကားတစ်လုံးပြည့်အောင်တောင်ပြောရဲ့လားမတိဘူး အဲဒီတုန်းက။ (မာနကြီးပြီးစကားမပြောချင်တာလားတော့မသိ)

အဲဒီတုန်းက poly ဝင်ခွင့်ကမရသေးတော့ ဝစီပိတ်အဓိဋ္ဌန် ဝင်နေရလို့စကားမပြောတာ Pfft ခုတော့ အဓိဋ္ဌန် ပြည့်သွားပြီလေ ပြည့်သွားတာ 3yr တောင်ရှိရောပေါ့ ... Grin
 
Raionmin
#43 Print Post
Posted on 18-09-2009 16:37
User Avatar

Admin


Posts: 150
Joined: 16.03.09

လင်ယောကျာ်းအရောင်းဆိုင်


လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။ စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်ဝတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ ရေးထားတာက "သင် တစ်ကြိမ်သာ လာရောက်ခွင့် ရှိသည်" တဲ့။

စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ အရောင်းကုန် ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ
ဆိုရင်တော့ အထပ် တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့်
အထပ်တစ်ထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောက်ျားလေးကို ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ
အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။

အမျိုးသမီး တစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့် ခင်ပွန်းလောင်း၊ လင်ယောက်ျား တစ်ယောက် ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။
(၁) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ

ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က
(၂) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်သော အမျိုးသားများ

တတိယထပ်ရဲ့ ဆိုင်းဘုတ်က
(၃) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ရုပ်ရည် အထူးသန့်ပြန်သော အမျိုးသားများ

"ဝိုးးးးးး" ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

အမျိုးသမီးဟာ စတုတ္ထထပ်ကို တက်သွားပြီး စတုတ္ထထပ်ရဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တယ်။
(၄) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူ လုပ်ပေးတတ်သော အမျိုးသားများ

"ဟိုက် ရှားပါး၊ ကြွေစမ်း။ ငါ ခြေထောက်တွေ မခိုင်တော့ပါလား" လို့ ရေရွတ်နေမိတယ်။

နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ အားသန်နေတယ်။ ဒီထက် ကောင်းတာတွေ အပေါ်ထပ်မှာ ရှိနိုင်တယ်လေ။ ပဉ္စမထပ်ရဲ့ ဆိုင်းဘုတ်က
(၅) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူ လုပ်ပေးတတ်သလို အင်မတန် ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ

ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ် မထင်။ သူရဲ့ အာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲဝဲ လည်နေတော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက
နောက်တစ်ထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က
ရွေးချယ်မှုက ပိုကောင်းနိုင်သေးတာပေါ့။

ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်က
(၆) လွှာ >> သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄ ၅၈ ၇၅၇) ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘာ အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့
အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောက်ျား စတိုးဆိုင်ကို ဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ်ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Email FWD:
www.raionmin.dragonadopters.com/dragonimage_201359_151738_pixel.gifwww.raionmin.dragonadopters.com/dragonimage_241048_151738_pixelNA.gifwww.thetheinmin.dragonadopters.com/dragonimage_248677_158530_pixelNA.gifwww.thetheinmin.dragonadopters.com/dragonimage_210247_158530_pixel.gif
 
Raionmin
#44 Print Post
Posted on 18-09-2009 16:39
User Avatar

Admin


Posts: 150
Joined: 16.03.09

ငါ့ကို နမ်းပါ

လက်ထပ်ပြီးလဲ သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊ စိတ်ကောက်တတ်တုန်း....

တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်က ထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးက ဖောက်လာပြီး သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကို သူလှည့်ပြန်လာခဲ့တယ်။

တစ်ခါမှ သူစိတ်ဆိုးတာကို မခံဖူးတဲ့ သူမက လမ်းလယ်မှာ မျက်ရည်တွေနဲ့ တစ်ယောက်တည်းကျန်ခဲ့တယ်။ ဒါပေမယ့် အရှုံးမပေးဘဲ စိတ်ကောက်အရွဲ့တိုက်တတ်တဲ့ မိန်းမတို့သဘာဝကို သူမ ပိုင်ပိုင်နိုင်နိုင် ဆုတ်ကိုင်ထားခဲ့တယ်။

ည(၁၁)နာရီ သူမအိပ်ပြန်ရောက်တော့ အိမ်တစ်အိမ်လုံး အမှောင်ချထားဆဲပါ။
သူ အိပ်ပျော်နေပြီလား? သူ ပြန်မလာသေးဘူးလား?
လူခေါ်ဘဲလ်ကို မနှိပ်ဘဲ သော့ထုတ်ပြီး တံခါးဖွင့်ဖို့ သူမပြင်တော့ တံခါးရွက်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်တယ်။ "ငါ့ကို နင်တောင်းပန်သင့်တယ်" လို့ စာရွက်ပေါ် ရေးထားတဲ့စာကိုတွေ့တော့ သူမ စိတ်တိုမိတယ်။

အိမ်ထဲဝင်ပြီး မီးဖွင့်တံခါးပိတ်တော့ တံခါးရွက်နောက်မှာ စာရွက်တစ်ရွက်ကို သူမတွေ့ပြန်တယ်။ "မတောင်းပန်ချင်ရင် ငါရှုးဖိနပ်ကို ပြောင်နေအောင် တိုက်ပေးလည်းရတယ်" လို့ ရေးထားတာ တွေ့လိုက်ပြန်တော့ သူမ စိတ်ပိုတိုမိပြီး "တိုက်စရာလား" လို့ အော်မိတယ်။

ဖိနပ်ချွတ်ပြီး ဖိနပ်ကို စင်ပေါ်တင်တော့ စာရွက်တစ်ရွက်တွေ့ပြန်တယ်။ "တိုက်စရာလား" လို့ ရေးထားတဲ့ စာတိုလေးကို ကြည့်ပြီး သူမပြုံးမိတယ်။ စိတ်ထဲမှာလည်း "တောင်းပန်ရမယ် ဟုတ်လား? တစ်ပတ်လောက် ဂရုမစိုက်ဘဲ ပစ်ထားလိုက်မယ်။ ဘာမှတ်လဲ..." လို့ တစ်ဆက်တည်း တွေးလိုက်မိတယ်။

ကိုယ်လက်သန့်စင်ဖို့ သန့်စင်ခန်းထဲ သူမဝင်တော့ မှန်ပေါ်မှာ ကပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ပြန်တယ်။ "ဘယ်လိုတောင်းပန်ရမယ်ဆိုတာ မသိရင် စာအုပ်စင်ပေါ်က စာအုပ်မှာ သဲလွန်စရှိတယ်" လို့ ရေးထားတဲ့ စာကို တွေ့ပြန်တယ်။

သိချင်စိတ်နဲ့ စာအုပ်စင်ရှိရာဖက် သူမ အပြေးသွားလိုက်မိတယ်။ စာအုပ်နဲ့ ဖိထားတဲ့ စာရွက်တစ်ရွက်ကို သူမ ယူကြည့်လိုက်တယ်။ "နောက်ကျောက စာနှစ်ကြောင်းကို အသံထွက်ပြီး ရွတ်ပြပါ" လို့ ရေးထားတာမြင်တော့ စာရွက်နောက်ကျောကို သူမ လှန်ကြည့်လိုက်တယ်။ တီဗွီမှာအမြဲလာနေတဲ့ ကြော်ငြာစာသားတစ်ကြောင်းကို သူမတွေ့လိုက်တယ်။

"လတိုင်း စိတ်ညစ်ရတဲ့ ရက်တွေရှိတာ မိန်းမသားတို့ သဘာဝပါ"


ကြော်ငြာစာသားကို ကြည့်ပြီး သူမရယ်ချင်မိတယ်။ နေ့လယ်က စိတ်ဆိုးဒေါသထွက်ပြီး မခေါ်ဘဲပစ်ထားမယ်လို့ တွေးထားတဲ့ အတွေးတွေလည်း ပျောက်ကုန်တယ်။

ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ဖို့ သူမပြင်လိုက်တယ်။ တစ်ဖက်လှည့်ပြီး အိပ်မောကျနေတဲ့သူကို စောင်းငဲ့ပြီးတောင် မကြည့်လိုက်မိဘူး။ မအိပ်ခင် စာဖတ်တတ်တဲ့ သူမရဲ့အကျင့်ကြောင့် ဖတ်လက်စစာအုပ်ကို သူမကောက်ယူလိုက်တယ်။ စာအုပ်ကြားမှာ စာရွက်တစ်ရွက် ထွက်ကျလာပြန်တယ်။


"နင်လည်း စိတ်မကောင်းဖြစ်နေမယ်ဆိုတာ ငါသိပါတယ်။ ငါလည်း ငါ့ကိုယ်ငါ ချင့်ချိန်သင့်တယ်။ ငါ့ကိုနင် အပြစ်ရှာတုန်းက လမ်းတစ်ဖက်မှာ ငါ့သူငယ်ချင်းတွေကို ငါတွေ့လိုက်တယ်။ ငါ့ကို မယားကြောက်ဆိုပြီး စဖို့ သူတို့က လမ်းစလိုက်ရှာနေကြတာ။ နင့်နဲ့ငါ ပြိုင်ငြင်းတာတော့ မဟုတ်ဘူးနော်။ ယောက်ျားပဲကွာ... အိမ်မှာ မိန်းမကို ဘယ်လိုပဲချစ်ချစ်၊ ဘယ်လောက်ပဲကြောက်ကြောက် အပြင်လူရှေ့သူရှေ့ရောက်ရင် မျက်နှာသာတော့ လိုချင်တာပေါ့။ ဘယ်သူမဆို ကိုယ့်မိန်းမနဲ့ သင့်မြတ်ချင်ကြတာချည်းပဲ"


စာဖတ်ပြီး သူမ မှားသွားမှန်း သိလိုက်တယ်။ သူမ လွန်သွားမှန်းလည်း တွေးမိလိုက်တယ်။ ဝမ်းနည်းတဲ့ စိတ်နဲ့ သူ့ကို သူမ သိုင်းဖက်ပြီး ကိုယ်ကို ဆွဲလှည့်လိုက်တော့ သူ့မျက်နှာပေါ်မှာ စာရွက်တစ်ရွက် ကပ်ထားတာကို တွေ့လိုက်ပြန်တယ်။


စာရွက်ပေါ်မှာက "ငါ့ကို နမ်းပါ" တဲ့......

Email FWD:
www.raionmin.dragonadopters.com/dragonimage_201359_151738_pixel.gifwww.raionmin.dragonadopters.com/dragonimage_241048_151738_pixelNA.gifwww.thetheinmin.dragonadopters.com/dragonimage_248677_158530_pixelNA.gifwww.thetheinmin.dragonadopters.com/dragonimage_210247_158530_pixel.gif
 
Raionmin
#45 Print Post
Posted on 18-09-2009 18:36
User Avatar

Admin


Posts: 150
Joined: 16.03.09

မယားဝတ်တရား ၅ ပါး

အသုံးချွေတာ ဖွယ်ရာချက်ပြုတ်
အလုပ်လဲကူ မဆူမဆဲ
ဘောပွဲပေးကြည့် သိတတ်ကြည်သာ
ဘီယာဖန်တီး အမြည်းကြော်လှော်
လင်ပျော်အောင်ထား
ဝတ် 5 ပါး ကျင့်ဖွယ်မယားတို့တာ
www.raionmin.dragonadopters.com/dragonimage_201359_151738_pixel.gifwww.raionmin.dragonadopters.com/dragonimage_241048_151738_pixelNA.gifwww.thetheinmin.dragonadopters.com/dragonimage_248677_158530_pixelNA.gifwww.thetheinmin.dragonadopters.com/dragonimage_210247_158530_pixel.gif
 
Jump to Forum:

Short Message box

You must login to post a message.

16/07/2010
You all are cordially invited for the upcoming religious event of TP Myanmar known as 'Warso Festival'. on 17th of June 2010 at Daw Taw Thite Monastry Singapore. Details in news category.

21/05/2010
Congratulations to all Graduand from Temasek Poly graduation 2010... we wish all of you every success in your future endeavours... Clap Clap Clap Clap Clap LOL

13/05/2010
TP Myanmar AGM 2010/11 on friday(14/5/2010) from 5pm to 7pm at blk 11, LT 28 Eng.School Temasek Poly...

06/05/2010
We're the most vibrant polytechnic in Singapore! We wish our 'Temasek Polytechnic' for it's 20th Anniversary Celebration...

02/05/2010
TP Myanmar Fresher Welcome on 1st of May 2010 at Mensa BBQ pit 'Temasek Polytechnic', Singapore

15/04/2010
Our deep condolences to the respective bereaved families and friends of each an individual person who were killed in Yangon bomb blast on 15th of April 2010 in Yangon on the occasion of Water Festival.

09/03/2010
ဓာတ်ပုံတင်ထားပါတယ်...။admin photos အများစုကိုတော့ facebook tp myanmar students' club မှာတင်ထားတယ် Clap

08/03/2010
FOTOS !!! FOTOS !!!!

08/03/2010
ဓာတ်ပုံ ဆရာများ ပွဲကိုက် နေကြသလား မသိ.. ဘယ်သူမှ မပို့ ကြလို့ မတင်နိုင်တေးပါဘူး ဂျာ

07/03/2010
More photos of 2010 Water festival pls...... Smile

24/02/2010
ဟီဟိ...vote " NO " လုပ်တာကို ပြောတာနော် ပြန်ဖတ်ကြည့်မှ တမျိုးဖြစ်နေလို့.. Hilarious

24/02/2010
၂၀၀၈ ဆယ်နှစ်ပြည့်တုန်းကလဲ သူတို့ပဲ NO ကြတာ... Frown

23/02/2010
ကြည့်နေပါ။ အဲဒီ နိုး လုပ်ထားတဲ့ ၆ မဲကပဲ ဦးဆောင်ပြီး လုပ်သွားလိမ့်မယ်။ Hilarious

22/02/2010
Helpless ကြည့်ရတာ ဟိုဆန္ဒခံယူပွဲကြီးလိုပဲ ထင်ပါတယ် Sad

22/02/2010
me either.....NO

Powered by PHP-Fusion copyright © 2002 - 2010 by Nick Jones.
Released as free software without warranties under GNU Affero GPL v3.